Thursday, April 25, 2013

ဆရာမ

ဤသီချင်းသည် ဗိုလ်ချုပ်အောင်ဆန်း ဆေးရုံတက်ခဲ့ရချိန်အတွင်း သူနာပြုဆရာမလေး ဒေါ်ခင်ကြည်ရဲ့အချစ်ကို ကြိုးစားရာတွင် သဟာရဆရာတင် ရေးစပ်ပေးသော သီချင်းဖြစ်သည် ဟုလည်း ကောင်း..

ဗိုလ်ချုပ်အောင်ဆန်း မင်္ဂလာဆောင်လက်ဖွဲ့/ ကရင့်နှစ်သစ်ကူးလက်ဆောင်အဖြစ်ကရင်ရဲဘော်လေးများက စပ်ဆိုသည်ဟုလည်း ကောင်း...

ပင်လုံစာချုပ်လက်မှတ်ထိုးပွဲ အခမ်းအနားပြီးဆုံး၍ မိုးညှင်းစော်ဘွားကြီး တည်ခင်းသော့ညစာစားပွဲတွင် ရှမ်းတိုင်းရင်းသားများက စပ်ဆိုဖျော်ဖြေသည် ဟုလည်း ကောင်း...   မူကွဲအမျိုးမျိုး သိရသည်။

သီချင်းတွင်ပါဝင်သော "ထိန်လင်း " "ထိန်ကြည်" "ဆရာမ" ဆိုသည်မှာ "ထိန် =ထိန်လင်း + ကြည် = ခင်ကြည် " ကို ရည်ရွယ်ကြောင်း သိရပါသည်။

မည်သို့ပင်ဖြစ်စေ ဤသီချင်းသည် ဗိုလ်ချုပ်အောင်ဆန်း ဇနီးသည်အား ရည်ရွယ်ပြီး ကြိုက်နှစ်သက်သော တေးသီချင်းတပုဒ်ဖြစ်ပေရာ ဆက်စပ်ဖန်တီးထားပါကြောင်း...

♪....♪ ♫ ♪ ♫ ♪.... ♪....♪ ♫ ....♪ ♫
♪....♪ ♫ ♪ ....♪ ♫ ♪....♪ ♫ ♪...... ...♪ ♫ ♪....♪ ♫ ♪ ....♪ ♫
ငွေသော်တာရောင်ခြည် ထိန်လင်းတော့သည်
ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီ
သဒ္ဒါကပိုသည် ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိသည်
♪....♪ ♫ ♪ ....♪ ♫ ..♪ ♫ ♪ ....♪ ♫
ငွေသော်တာရောင်ခြည် ထိန်လင်းတော့သည်
ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီ
သဒ္ဒါကပိုသည် ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိသည်
♪....♪ ♫ ♪ ....♪ ♫ ♪. ♪ ♫ ♪ ....♪ ♫
ထိန်ကြည် လရောင်သမ်းတော့ အလွမ်းပိုပါသည်
ချစ်သူရှိရင် ဪ ဖွင့်ပြောပါလားလို့အတည်
♪....♪ ♫ ♪ .... ..♪ ♫ ♪....♪ ♫ ♪ ....♪ ♫
ရိုးရိုးနဲ့မှန်တာကိုပြောမည် တကယ်စိတ်ကအတည်
ဘယ်မိန်းမမှ မချစ်ခဲ့ပြီ
သဒ္ဒါကပိုသည် ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိသည်
♪....♪ ♫ ♪ ...♪ ♫ ♪... . ...♪♪ ♫ ♪ ....♪ ♫

ငွေသော်တာရောင်ခြည် ထိန်လင်းတော့သည်

ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီ
သဒ္ဒါကပိုသည် ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိသည်
♪....♪ ♫ ♪ ....♪ ♫ ♪....♪
ထိန်ကြည် လရောင်သမ်းတော့ အလွမ်းပိုပါသည်
ချစ်သူရှိရင် ဪ ဖွင့်ပြောပါလားလို့အတည်
♪....♪ ♫ ♪ ....♪ ♫ ♪....♪ ♫ ♪

1 comment: